အရင်နှစ်တွေကလည်း မရေးဖြစ်ခဲ့တာကြောင့်ရော၊ ဘလောဂ့်ရပ်ဝန်း ငြိမ်သက်နေချိန်မှာ ပြန်လည် သက်ဝင်စေချင်တဲ့စိတ်ကြောင့်ရောပါ။ ဒါပေမယ့် အခြေအနေက မပေးပြန်ပါဘူး။ ကွန်ပျူ တာလေးက ဒီလိုဖြစ်နေပြန်ပါတယ်။
သုံးကြိမ်တိတိ format ပြန်ချ ၊ window ပြန်တင်လည်း ဒီလိုပဲဖြစ်နေတော့တာပါပဲ။ အကောင်းဘက်ကတွေးရင်တော့ အသစ်ရခါနီးပြီပေါ့း)
နေ့မကူးခင်တော့ ရသလို၊ ရသလောက်လေးနဲ့ ဘလော့ဂ်ဂါအားလုံးအတွက် မျှချင်တာလေး မရမက တင်လိုက်ပါတယ်။ ဘလော့ဂ်ရေးသူတွေတင် မဟုတ်ပါဘူး ၊ စာဖတ်သူတွေလည်း ဘလော့ဂ်တွေကို သံယောဇဉ်ရှိကြတယ်ဆိုတာလေး အမှတ်မထင် သိလိုက်ရလို့ မောင်နှမများ ဆက်ပြီး ရေးကြပါလို့ ... ။
ဘလော့ဂ်ရွာမှ မောင်နှမများအားလုံး ရွှင်လန်းချ မ်းမြေ့ကြပါစေ။
ညို လေးနေ
31.08.2014 ( 09:58 pm )
7 comments:
ရုံးချိန်ပြောင်းသွား၊ စာတွေအများကြီး ရေးနိုင်တော့မယ်ဆိုလို့ မျှော်နေပါတယ် မညို။
ဘလော့ဒေးပို့စ်လေးတွေ ဖဘမှာတက်လာတာတွေ့ရင် လိုက်ဖတ်ပါတယ်။
အခုလည်း အမညို(ညိုလေးနေ)ရဲ့ဘလော့ဒေးအမှတ်တရပို့စ်လေးတွေ့မိ
လို့ဘလော့ထဲမှာလာဖတ်သွားရင်းအားပေးသွားခဲ့ပါတယ်အမညိုရေ....
ခင်မင်ရင်းနှီးစွာဖြင့်
ရာဇာထွေး
ဓားနဲ့ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်တွေထဲမှာ ဘလော့ဂ်သံယောဇဉ်လည်းပါကြောင်း သက်သေပြလိုက်တာပေါ့လေ။ :P
မဖြစ်ဖြစ်အောင် ဘလော့ဒေးအမှတ်တရ ရေးသွားခဲ့တဲ့အတွက် ၀မ်းသာတယ် ညိုလေးရေ။ မနေ့က ဇွန်လေးရဲ့ ပို့စ်ကိုဖတ်နေတုန်းကတောင် ညိုလေးကိုသတိရလိုက်သေးတယ်။ ဘလော့လေးကို အမြဲရှင်သန်ခွင့်ပေးလိုက်ပါကွယ်။
ံHappy Blog Day ပါ ညီမလေး ညို
ညီမရင်ငြိမ်းသူ၊ ကိုရာဇာထွေး၊ မမိုးငွေ့၊ ဇွန် နဲ့ ဘလော့ဂ်ဂါ မောင်နှမတွေရဲ့ သံယောဇဉ်ကြောင့် ဝမ်းသာရပါ၏ :)))
ရေးဖြစ်အောင် တွန်းအားတွေပေးတဲ့ တီတင့်ကို အထူးကျေးဇူးးးးး
မျက်စိလည်ပြီးရောက်လာခဲ့သူပါ
စက်မကောင်းသူချင်းကိုယ်ချင်းစာသွားပါတယ် :P
Post a Comment