Friday, May 6, 2011

မမှားသူများ၏ ပဋိပက္ခ

ဦးနှောက်က ဒဏ်ရာဖြစ်မယ်နော်လို့

သတိပေးတော့

နှလုံးသားက ဆင်ခြေတတ်တယ်

နာကျင်နေတာ ကြာပါပြီတဲ့ ။

ဦးနှောက်က မျှော်လင့်ခြင်းတွေ ရပ်လိုက်ပါလို့

အမိန့်ပေးတော့

နှလုံးသားက ခွင့်တောင်းတယ်

နက်ဖြန်ထိသာ စောင့်ပေးပါတဲ့ ။

ဦးနှောက်က အဆင်ခြင်မဲ့ လူသားလားလို့

စိတ်ဆိုးတော့

နှလုံးသားက ချေပတယ်

အကျွန် လူသား စက်ရုပ်မဟုတ် ပါတဲ့။

ဒီလိုနဲ့

နှစ်ဘက်လုံး မမှားတဲ့ ပဋိပက္ခကြား

အပြစ်ကင်းတဲ့ ချစ်ခြင်းလည်းမဖြေရှင်းနိုင်တော့

ရင်းတွင်းမှာ စစ်တလင်းဖြစ်လို့ပေါ့။



ညိုလေးနေ

20.07.09 09:59 am

1 comments:

Amy said...

I like it .......:) pls post another your post. I'm waiting....... Fighting !!!

Post a Comment