Sunday, February 12, 2012

ဖေဖော်ဝါရီကို ခွဲခြမ်းစိတ်ဖြာခြင်း

ဖေဖော်ဝါရီမှာ .....
လူနာ (lunar) နှစ်သစ်ကူးနဲ့ တိုက်ဆိုင်တတ်သတဲ့
ကော့ကေးရှန်းတွေက ဘာကြောင့် စောပြီး နှစ်သစ်ကူးတာလဲ
တချို့ တွေကရော ဘာလို့ နောက်ကျကြတာလဲ
တကယ်တော့ မနေ့ က နဲ့ ဒီနေ့ ၊
ဒီနေ့ နဲ့ မနက်ဖြန် ၊ နေ့ တွေထဲက နေ့ တွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ပင်လုံစာချုပ် ချုပ်ခဲ့သတဲ့
တိုင်းရင်းသားတွေ ဘာကြောင့် လက်မှတ်ထိုးခဲ့တာလဲ
အခုတော့ရော ဘာလို့ လက်နက်စွဲကိုင် နေကြတာလဲ
တကယ်တော့ ကချင် နဲ့ ဗမာ
ဗမာ နဲ့ ကရင် အချင်းချင်းတွေပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ဖခင်တစ်ဦးကို မွေးဖွားခဲ့သတဲ့
ထွက်ခွါသွားသူကို ဘာကြောင့် မမေ့နိုင်ကြတာလဲ
ကျန်နေသူတွေကရော ဘာလို့ လေးစားနေကြသေးတာလဲ
တကယ်တော့ စကား နဲ့ ဆန္ဒ
ဆန္ဒ နဲ့ ရလဒ် ၊ ဗိုလ်ချုပ်ရဲ့  လုပ်ရပ်တွေ ထပ်တူကျနေလို့ပဲ မဟုတ်လား ။

ဖေဖော်ဝါရီမှာ .....
ချစ်သူများနေ့ဆိုတာ ရှိသတဲ့
ချစ်သူတွေက ဘာကြောင့် ဒီနေ့လေးကိုမှ တန်ဖိုးထားကြတာလဲ
ဆန္ဒပြု ဆုတောင်းတွေကိုရော ဘာလို့ လုပ်ကြတာလဲ
တကယ်တော့ ချစ်သူ နဲ့ ကိုယ်
ကိုယ် နဲ့ ချစ်သူ့  အတွက် နေ့ တွေတိုင်းဟာ ချစ်ခင်နေဖို့ပဲ မဟုတ်လား ။

နောက်ထပ်ပြီးတော့ .....
နှင်းတွေဝေတဲ့ ဖေဖော်ဝါရီဟာ
ထာဝရ ချစ်စရာကောင်းနေမှာပဲ မဟုတ်လား ..... ။ ။


ညိုလေးနေ
( 14.02.2011 ) 5:30 pm



Analyzing February

In February .....
There is a time of "
Lunar New Year "
while " too late " for " some " to celebrate,
though Caucasians did earlier.

What's the difference anyway,
when " today" and " tomorrow"
are just " days" of the days ?


In February .....

Settled was the " Union Day " ,
famous with the name " Pin Lon" .

Why so different Nowadays ?

What did races sign for when
all the people fought for lives ?
Why some still fight after then ?

Bamar and Shan , they dispute,
so as Kachin , Karen and the rest;
what is the union of an absolute ?

In February .....
Born was a " Father " in history.
Though he left us so early,
we still have him in memories.

Words and wishes we respect,
of one true General as he was,
with all results we except.

In February .....
Precious for lovers is the time

at which they share gift and wish,
a day known for " Valentine " .

A special day for which reasons,
with the love we share every day,
when " special" is for all seasons ?

Besides memories in this special month
with the snowy moments we all love,
"" February " will last forever and be with us.



Translated by ...
Henry Sutherland


6 comments:

mAymAd! said...

ကော့ကေးရှမ်းတွေကဘာကိုကြည့်လဲမသိဘူး...အာရှသားတွေကတော့လကို ကြည့်ပြီးနှစ်တွေလတွေသတ်မှတ်ခဲ့ကြတာလေ....အေးလေ..စလုံးနဲ့ဗမာ..ဗမာနဲ့စလုံး.သူတို့စိတ်ထဲမှာအဲလိုသဘောထားတယ်..ဘာသာစကားမတူဘူး..အလေ့အထမတူဘူးလေ...ဗိုလ်ချုပ်ရဲ့ဆန္ဒတွေနဲ့ရလဒ်ကတော့ထပ်တူမကျခဲ့ရှာပါဘူးကွယ်....ချစ်သူများနေ့ဆိုတာ..စီးပွားရေးသမားတွေအတွက်ပါ....တကယ့်ချစ်သူတွေကတော့ညိုလေးပြောသလိုပဲ....နေ့တိုင်းဟာချစ်သူများနေ့ပါပဲ...ပူနွေးလားတဲ့ကမ္ဘာမြေမှာ.နောက်ထပ်လာမယ့်.ဖေဖော်ဝါရီတွေမှာ..နှင်းတွေဝေနိုင်ပါဦးမလား..
ချစ်တဲ့
မေမဒ္ဒီ.....

သက်ဝေ said...

February ကဗျာလေးကို ချစ်တယ်...
Besides memories in this special month
with the snowy moments we all love,
"" February " will last forever and be with us ဆိုတာလေးကိုတော့ အချစ်ဆုံးပဲ... သိပ်လှတယ်...း))

Hnit said...

ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး။ :)

Sonata Cantata said...

အမကတော့ ပေါ့ပေါ့နေပေါ့ပေါ့စားနေလို့..
ဖေဖေါ်ဝါရီကို ဖော့ဖော့လေး ကျော်သွားမလို့ဟာ
ညိုလေးက..ခွဲခြမ်းစိတ်ဖြာပေးလိုက်တော့...
ကျေးဇူးပါပဲရှင်

အင်ကြင်းသန့် said...

ဖေဖော်ဝါရီကို ဘယ်လိုခွဲခြမ်းစိတ်ဖြာထားသလဲလို့ လာကြည့်တယ် မမ....

ဘာပဲပြောပြောဖေဖော်ဝါရီဟာ ထာဝရ ချစ်စရာကောင်းနေမှာပါ။း)

mstint said...

ဖေဖော်ဝါရီလကို ခွဲခြမ်းစိတ်ဖြာလိုက်ပုံလေး သဘောကျသွားတယ်
ညိုလေးနေရေ။ နာမည်လေးလည်း ကဗျာဆန်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment