Wednesday, December 12, 2012

၂ဝ၁၂ ယတြာ

၁၂  ရာသီရဲ့နောက်ဆုံး
၁၂ လမြောက် ဒီဇင်ဘာ
၁၂ ရက် ဒီချိန်ခါ
တစ်သက်မှာတစ်ခါကြုံတဲ့ရက်စွဲ
ဘာလုပ်မလဲ စိတ်ကူး
နေ့တွေထဲက နေ့တနေ့မို့
ဘာမှတော့ သိပ်မထူး
ဦးချင်တယ်ဆိုရင်တော့
သူတို့ အရင်မရူးခင်ပေါ့
၁၂ ကြိုးကကွက်တွေအောက်
(တို့တိုင်းပြည်ကြီး) ဆယ့်ပြီး နှစ် မခံရစေဖို့
၁၂ နာရီ အရောက်
၁၂ မျိုးဟင်းချိုသောက်လို့
၁၂ ခါ လောက်
ဆုတောင်းလိုက်ကြရအောင်လား
ဘလော့ဂ်ချစ်သူ မောင်နှမများ   ။      ။


မယ်ညို ( ၁၂.၁၂.၁၂ )



အစီအစဉ်မရှိ စိတ်ကူးမရှိပေမယ့် တီတင့်ရဲ့ ဆော်သြောချက်လေးကို နှမြောလို့ အချိန်မှီလေး ဟင်းချိုချက်ဖို့ နှိုးဆော်လိုက်ပါတယ်   :)

8 comments:

mstint said...

အကြောင်းအရာမထူးခြားပေမယ့် ရက်ထူးလေးအတွက်
ဆုတောင်းလိုက်ပြီ ညိုလေးနေရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

khin nyein chan said...

အမရေ ကူးသွားတယ်နော်

Anonymous said...

Nice Poem .. ^.^


SinSin

ညီလင်းသစ် said...

၁၂ မျိုးဟင်းချိုကို သောက်ပြီး သကာလ ၁၂ ကြိုးတပ် ဂစ်တာကိုတီးပြီး ၁၂ လမ်းထိပ်မှာ အဆိုတော် ၁၂ ယောက်ရဲ့ သီချင်း ၁၂ ပုဒ်ကို အနန္တောအနန္တ ငါးပါးကို ဦးထိပ်ပန်ဆင်လို့ ခုနှစ်ရက် သားသမီး (၅+၇ = ၁၂) တွေ အတွက် ၁၂ ခါတိတိ ဟစ်ကြွေးသင့်ပါကြောင်းဖြင့် ယတြာကို ဖြည့်စွက်လိုက်ရပါတယ် ခင်ဗျား...။း))

hello said...

အဲဒီနေ့က မှတ်မှတ်ရရပါဘဲ။ ထီပေါက်လို့။ ၂၀၀၀ ထဲပါ။

လရိပ်အိမ် said...

၂၀၁၂ ယတြာတဲ့လား ၊ ကြိုက်တယ်။ ၁၂ခါလောက် ဖော်ပြသင့်တယ်။

လရိပ်အိမ် said...

အပေါ်က ဟယ်လို အကောင့်နဲ့ဆက်လိုက်ပါ မညိုလေးနေရေ။ ကိုယ့်အကောင့်မှတ်လို့ရေးတာ။ ကိုယ့်အကောင့်ပါဘဲ။ လရိပ်အိမ်အကောင့်မဟုတ်ဘူးလေ။ ပြန်ဖျက်လိုက်ရင် ဖျက်ရာကြီး ဖြစ်သွားတော့ကြည့်မကောင်းမှာစိုးလို့ပါ။

ညိုလေးနေ said...

တီတင့်တောင်းတဲ့ဆုနဲ့ ပြည့်ဝပါစေသားလို့ ထပ်ဆင့်ဆုတောင်းတယ် တီတင့်ရေ

မခင်ငြိမ်းချမ်း
ကူးလို့ရပါတယ်ရှင်

Thanks ama SinSin

အစ်ကိုညီလင်းသစ်
ဟုတ်တယ် အစ်ကိုရေ ယတြာက နည်းနည်းလိုသွားတယ်
သူငယ်ချင်းတစ်ယောက်ကလည်း မေးတယ် ၁၂ဇွန်း သောက်ရမှာလား၊ ၁၂ခွက် သောက်ရမှာလားတဲ့:D
ဖြည့်စွက်ပေးတာကျေးဇူးပါ

တကယ်ကို အမှတ်တရပဲနော် မလရိပ်အိမ်
ဘယ်လောက်ဖြစ်ဖြစ် ထီပေါက်ဖူးတယ်ဆိုပြီး ပြောလို့ရတာပေါ့နော၊ ၂ဝ၁၂ ယတြာလေးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ် :)

Post a Comment