Tuesday, February 26, 2013

စာရင်းကိုင်မမများတေးသံ



သူများမယ်မှာ
ဤလအရောက်ဝယ်
ပိတ်ရက်များပြီး
လစာနီးလို့ ပျော်ရတယ်။
နှမလေး မောင်တို့မယ်မှာ
စာရင်းကိုင်မို့ကွယ်
တက်သုတ်ခရီး
လချုပ်ပြီးဖို့ မောရတယ်။
ဖေဖော်ဝါရီလရယ်
တိုလှတယ်လေး။ 




ခေါင်းစဉ် --- စာရင်းကိုင်မမများတေးသံ
အမျိုးအစား --- မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ “ ညည်းချင်း ” ဟုသတ်မှတ်သည်။
ခေတ် --- သက္ကရာဇ်နှစ်ထောင်တစ်ဆယ်စွန်း
ရေးသူ --- အမည်သိခေတ်စာဆို “မယ်ညို”



5 comments:

Anonymous said...

That's a great ညည်းချင်း I have ever read. Haha :)

Aunty Tint said...

ဆန့်ကျင်ဖက်နှစ်ခု အမြဲဒွန်တွဲလျှက်ရှိတာ သဘာဝတရားပေါ့ ညိုလေးနေရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

ဒီ ညည်းချင်းကိုတော့ သဘောကျသွားပြီ မညိုလေးရေ...၊း)

၂၀၁၅ ရွေးကောက်ပွဲအပြီး ဆယ်တန်းမြန်မာစာ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပြဌာန်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းရင် ကောင်းမယ် ထင်တယ်..။းD

ညိုလေးနေ said...

Thanks Anonymous

ဟုတ် ... တီတင့်
လခထုတ်ရခြင်းနဲ့ လချုပ်ချုပ်ရခြင်းက အမြဲဒွန်တွဲနေတော့ ခက်သားးD

အစ်ကို ညီလင်းသစ်
လွှတ်တော်မှာ အဆိုတင်သွင်းပေးမယ်ဆိုရင်တော့ သင်ရိုးညွှန်းတမ်း တစ်ခုလုံးပြောင်းနိုင်အောင် ရေးဦးမှ ... ရေးဦးမှ ....း)

ရွှေအိမ်စည် said...

မိုက်တယ်..
စာရင်းကိုင် ညည်းချင်း
ကိုယ်ချင်းစာသကွယ်
ဘ၀တူပေမို့ :)) ။

Post a Comment