Sunday, June 2, 2013

သက်သာစေလို ဝင်ငွေခွန်ကို

“ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစဉ်ခေါင်းစဉ် အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ်ခွင့် ပြုလိုက်ပြီးဖြစ်ပါသည်” ဆိုတော့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တော်တော်များများလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိ အခွန်ဆောင်ပြီးကြပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အခွန်မဆောင်ရသေးတဲ့ သူများရှိရင် သိရအောင်လို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ၂၀၁၀ မတ်လအထိ မြန်မာအစိုးရကို ဝင်ငွေခွန်ဆောင်ထားပြီးလျှင်၊ စင်္ကာပူအစိုးရကိုလည်း  ၂၀၁၀ နဲ့ ၂၀၁၁ ဝင်ငွေများအတွက် ဝင်ငွေခွန်ဆောင်ထားပြီးပြီ ဆိုရင်ဖြင့် ၂၀၁၀ ဧပြီလအတွက်ကစလို့ စင်္ကင်္ာပူမြန်မာသံရုံးမှာ ဝင်ငွေခွန်ဆောင်စရာမလိုဘဲ စက်ဖြင့် ဖတ်ရှု့စစ်ဆေးနိုင်သည့် မြန်မာနိုင်ငံကူးလက်မှတ် (MRP ) စာအုပ်လဲလို့ ရပါတယ်။
တစ်နေ့က ညီမလေးတစ်ယောက် အိမ်လာလည်ရင်း ပတ်စ်ပို့သက်တမ်းကုန်တော့မှာဖြစ်လို့ အခွန်ဆောင်ပြီး စာအုပ်လဲရန် ဘာတွေလိုအပ်လဲလို့ မေးပါတယ်။ ကျွန်မကလည်း  ဘာ Pass နဲ့ လုပ်နေတာလဲ ၊ အခွန်ဘယ်အထိ ဆောင်ထားပြီးပြီလဲ၊ ဘာစာရွက်စာတမ်းတွေယူသွား ရမယ် စသဖြင့် ကျွန်မအခွန်ဆောင်စဉ်က လုပ်ရိုးလုပ်စဉ်တွေအတိုင်းပဲ ပြောပြမိပါတယ်။

အဲဒီ့အချိန်မှာ ကျွန်မတို့အိမ်ကိုပြောင်းလာခါစ အစ်မက မေးပါတယ် စင်္ကာပူအစိုးရကို နှစ်စဉ်အခွန်ဆောင်ထားလား၊ ဆောင်ထားတယ်ဆိုရင် မြန်မာအစိုးရကို ၂၀၁၀ ဧပြီလ နောက်ပိုင်း ကစလို့ ဆောင်စရာ မလိုတော့ပါဘူး လို့ ပြောပါတယ်။ ကျွန်မ မယုံမရဲနဲ့ အလွန်ပဲ အံ့သြမိပါတယ်။ အဲလိုမျိုး ဆောင်စရာမလိုတဲ့ အကြောင်းလည်း တစ်ခါမှ မကြားမိပါဘူး။ စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရကြားမှာ Agreement for Avoidance of Double Taxation ရှိခဲ့တာ ဟိုးအရင်ကတည်းကလည်း သိခဲ့ပါတယ်။ Print ထုတ်ပြီးတော့လည်း ဖတ်ဖူးပါတယ်။ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း ဟိုမှာဘယ်လို ဒီမှာဘယ်လို စသဖြင့်ဆွေးနွေးဖူးပါတယ်။ ကိုယ်တိုင်က စာရင်းကိုင်မို့လို့ အခွန်အကြောင်းလည်း သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲသိသိ ဟိုးအရင်က အခြေအနေတွေအရ မဆောင်လို့မဖြစ်တော့ အများဆောင်၊ ကိုယ်လည်းဆောင် လိုက်တာပါပဲ။
ဒါပေမယ့် အဲဒီ့ အစ်မရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ ကျွန်မ အလွန်အံ့သြမိပါတယ်။ ကျွန်မ သိထားတာက ၂၀၁၁ ခုနှစ် သြဂုတ်က ၁၉ ရက်က စလို့ ဆောင်ရမယ့် ဝင်ငွေခွန်ကို ၂% အထိ လျော့ချလိုက်တာ၊ နောက်တော့ ၂၀၁၁ခု ဒီဇင်ဘာအထိပဲ ဆောင်စရာလိုတော့တာ။ အခုတော့ Agreement ထဲက အတိုင်း ၂၀၁၀ မတ်လအထိ မြန်မာဝင်ငွေခွန်ဆောင်ပြီးရင်၊ IRAS မှာ နှစ်တိုင်း filing လုပ်ပြီး စင်္ကာပူအစိုးရကို ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထား စုံစုံလင်လင်ပြနိုင်ရင် ၂၀၁၀ ဧပြီလရဲ့ အခွန်ကစလို့ ဆောင်စရာမလိုတော့ပါတဲ့။ ကျွန်မရဲ့ မယုံနိုင်မှုကြောင့် အစ်မက သူကိုယ်တိုင်ဆောင်ထားတဲ့ အထောက်အထား စာရွက်အပြည့်အစုံ ထုတ်ပြပါတယ်။

 

ဒီလိုနဲ့ ကျွန်မကို လာမေးတဲ့ ညီမလေးကလည်း အဲဒီ့အစ်မ ပြောပြတဲ့အတိုင်း စာရွက်စာတမ်း အပြည့်အစုံယူပြီး သွားဆောင်ကြည့်မယ်ဆိုပြီး ကျွန်မတို့ print ထုတ်ဖို့ ပြင်ဆင်ကြပါတယ်။ ကျန်တဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ သံရုံး website မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ သဘောတူစာချုပ်ထဲက အတိုင်း နှစ်ထပ်အခွန်ဆောင်ခြင်းမှ ကင်းလွတ်ဖို့ကတော့ IRAS website က My Tax Portal မှာ Singpass သို့ IRAS PIN နဲ့ဝင်ပြီး မိမိအခွန်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို print ထုတ်သွားဖို့လိုပါတယ်။ အောက်က ပုံတွေထဲက အတိုင်းအဆင့်ဆင့်သွားပြီး print ထုတ်သွားရမှာပါ။
အရင်ဆုံး  www.iras.gov.sg ကို သွားပြီး my Tax Portal ကို log in ဝင်ရပါမယ်။
 
 
Log in အတွက် Singpass သို့ IRAS PIN ရှိဖို့တော့ လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း My Personal Tax Matters ကိုရွေးပြီး SingPass သို့  IRAS PIN ကို ရွေးပြီး Log in လုပ်ပါ။
 

SingPass နဲ့ Log in လုပ်ရမယ့် စာမျက်နှာပါ။

 
IRAS PIN ကိုသုံးမည့် သူများ အတွက် စာမျက်နှာပါ။
 
 
 
Log in ဝင်ပြီးလို့ မိမိနဲ့ သက်ဆိုင်ရာ စာမျက်နှာပေါ်လာတဲ့အခါ ဘယ်ဘက်ကော်လံရဲ့ အောက်နားမှာရှိတဲ့  View Account Summary  ကို click လုပ်ပါ။
 

Account Summary စာမျက်နှာပေါ်လာတဲ့အခါ Balance ဆိုတဲ့ Column ခေါင်းစဉ်အောက်က နောက်ဆုံးလက်ကျန်ပမာဏကို click နှိပ်ပါ။ အခွန်ငွေ အားလုံးဆောင်ထားပြီးသူများအတွက် S$0.00 ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အခု ဒီအောက်က ဥပမာပြထားတဲ့ ပုံထဲမှာတော့ $21.97 ဆိုတာကို click လုပ်ရမှာပါ။ အသေးစိတ် ဖော်ပြထားတဲ့ Summary စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။


အောက်ပါအတိုင်း  အသေးစိတ်ဖော်ပြထားတဲ့ စာမျက်နှာကို print ထုတ်ပြီး ယူသွားရပါမယ်။


နောက်ထပ် Print ထုတ်ရန်အတွက် ဘယ်ဘက်ကော်လံက View Correspondence/Notices ကို click လုပ်ပါ။ အဲဒီ့ စာမျက်နှာ ပေါ်လာတဲ့အခါ Category ဆိုတဲ့ ကော်လံခေါင်းစဉ်အောက်မှာ  Letters/Notices  နှင့်  Acknowledgement/Confirmation  ဆိုပြီး တွေ့ရပါလိမ့်မယ်။



Letters/Notices ထဲက Notice of Assessment တွေကို တစ်ခုချင်းဖွင့်ပြီး print ထုတ်ပါ။
 





Acknowledgement/Confirmation  ထဲက Acknowledge for E-filing တွေကိုလည်း တစ်ခုချင်းဖွင့်ပြီး print ထုတ်သွားရပါမယ်။


အထက်ကပြောခဲ့တဲ့အတိုင်း print ထုတ်တာတွေအပြင် လျှောက်လွှာ တစ်စောင်လည်း ရေးသွားရပါမယ်။ IRAS က ပို့ထားတဲ့ စာရွက်စာတမ်းတွေကိုပါ ယူသွားနိုင်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ်။


အမှန်အတိုင်းပြောရရင် အစ်မပြောပြလို့ အဲဒီ့အကြောင်းသိရတဲ့နေ့ညနေက ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သွားရပါတယ်။ အခွန်ဆောင်ဖို့ မသွားခင် မြန်မာသံရုံးဝဘ်ဆိုဒ်က လမ်းညွန်ကို အထပ်ထပ်အခါခါ ဖတ်သွားတဲ့ကြားထဲက အဲဒီ့အကြောင်းကို ကျွန်မ ဘာဖြစ်လို့မသိခဲ့ရတာလဲ ဆိုပြီးတော့ပါ။ နောက်နေ့မှာ ညီမလေးက စာရွက်အပြည့်အစုံနဲ့ သွားတော့ အဆင်ပြေခဲ့ပါတယ်။ သူအခွန်ထပ်ဆောင်စရာမလိုဘဲ စာအုပ်လဲခွင့် ရခဲ့ပါတယ်။ ကိုယ့်တုန်းက မသိခဲ့ပေမယ့် ညီမလေးရဲ့ အလှည့်မှာတော့ သိပြီးကူညီလိုက်နိုင်လို့ ဝမ်းသာရပါတယ်။ ညီမလေးက EP နဲ့မို့  SGD 2096 ဆောင်ရမယ့်အခွန် ကင်းလွတ်ခွင့်ရသွားလို့ပါ။ ဒါပေမယ့် စာအုပ်အသစ်ကိုတော့ နောက်နေ့မှာထုတ်လို့ မရပါဘူး။ စာအုပ်အသစ်ရဖို့ တစ်လ စောင့်ရမှာပါ။
 
ဒီစာကို ရေးမယ်ဆိုတော့ သံရုံးက ထုတ်တဲ့လမ်းညွှန်ကို ကျွန်မပြန်ဖတ်ပါတယ်။ ကျွန်မများ မျက်စိရှန်းပြီး Agreement အကြောင်းနဲ့ IRAS စာရွက်စာတမ်း လိုအပ်ကြောင်းတွေ မမြင်မိတာလားလို့ပါ။ အဲလိုဖတ်ရင်းနဲ့ ထပ်တွေးမိတာက Domestic worker ( အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်နေသူ ) ဆိုရင်တော့ဖြင့် ၂၀၁၀ ခုနှစ် ဧပြီမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိ ဝင်ငွေခွန်ကို ဆောင်ကို ဆောင်ရမည့်သဘော သက်ရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စင်္ကာပူအစိုးရက အခွန်စည်းကြပ်တဲ့အခါမှာ တစ်နှစ်စုစုပေါင်းဝင်ငွေဟာ SGD 20000 အောက်နည်းတယ်ဆိုရင် Low-wage workers များဖြစ်လို့ Tax Rate ဟာ 0% ဖြစ်ပြီး ဝင်ငွေခွန်ဆောင်စရာ မလိုပါဘူး။ ကျွန်မ သိသလောက် Domestic Worker တွေရဲ့ တစ်နှစ်ဝင်ငွေဟာ SGD 20000 မရှိပါဘူး။ ဒါကြောင့်မို့ IRAS မှာ ဝင်ငွေခွန်ဆောင်ထားကြောင်း စာရွက်စာတမ်းပြနိုင်မှာ မဟုတ်ပါ။ Agreement အရ တဘက်မှာ အခွန်ဆောင်ထားကြောင်း အထောက်အထားပြနိုင်မှ တခြားတဘက်မှာ ကင်းလွတ်ခွင့်ရှိမှာပါ။

ဒီစာလေးကို ရေးရတာကလည်း ကျွန်မလိုပဲ မသိဘဲ ဆောင်ပြီးသွားသူတွေ စိတ်မကောင်းဖြစ်ပါတော့လို့ မရည်ရွယ်ပါဘူး။ မဆောင်ရသေးသူများ၊ စာအုပ်လဲချင်သူများ၊ မသိသေးသူများ သိစေရန်ပဲ ရည်ရွယ်ပါတယ်။     

ရည်ညွှန်း

http://myanmarembassy.sg/downloads/consular/mrp_passport_application_handbook.pdf

http://www.iras.gov.sg/irashome/page04.aspx?id=1190#Tax_rates_for_resident_individuals

http://www.iras.gov.sg/irasHome/uploadedFiles/Quick_Links/Singapore-Myanmar%20DTA%20(26%20June%202009).pdf
 
 
 

27 comments:

Ko Boyz said...

စိတ်ပျက်ဖို့ ကောင်းလိုက်တာ...။
တိုင်းသူပြည်သားများဆီက ရသလောက် ညှစ်လိုက်မယ်ဆိုတဲ့ လုပ်ရပ်ပဲ...။
ကျွန်တော်လဲ ၂၀၁၁ အကုန်အထိကို စိတ်မချမ်းသာစွာနဲ့ပဲ ပြီးခဲ့တဲ့ မတ်လကပဲ ဆောင်လိုက်ရတယ်။
It's really unfair...

Ko Boyz said...

စိတ်ပျက်ဖို့ ကောင်းလိုက်တာ...။
တိုင်းသူပြည်သားများဆီက ရသလောက် ညှစ်လိုက်မယ်ဆိုတဲ့ လုပ်ရပ်ပဲ...။
ကျွန်တော်လဲ ၂၀၁၁ အကုန်အထိကို စိတ်မချမ်းသာစွာနဲ့ပဲ ပြီးခဲ့တဲ့ မတ်လကပဲ ဆောင်လိုက်ရတယ်။
It's really unfair...

khin oo may said...

နစ်ယောက်စာအတွက် အစအဆုံး ဆောင်ထားပြီးကြောင်းပါ. :(

khin oo may said...
This comment has been removed by the author.
TZA said...

Damn, သောက်သုံးမကျ သောက်ရေးမပါတဲ့စင်္ကာပူမြန်မာသံရုံး။

Anonymous said...

thanks alot ur info. very useful for us.

NaungNaung.com said...

Thanks for into. But i heard news that if we bring the IRAS bill, they just refund this amount and still need to pay the tax.. Is it correct ??

ညိုလေးနေ said...

Ko Boyz ၊ မမခင်ဦးမေ ၊ ကိုတီ

ညီမ စပြီး ရေးကတည်းက ဆောင်ပြီးသူတွေ အတွက် အကုသိုလ်စိတ်တွေ ဖြစ်ကုန်တော့မယ်ဆိုတာ တွေးမိတယ်၊ စိတ်မကောင်းဘူး :(


Anonymous
Thank you too for visiting

NaungNaung.com
We need to pay tax up to 2010 March. If we can submit complete set of documents, we don't need to pay 2010 April onwards. Please see " Remark " in the first picture ( Acknowledgement from Embassy ) of this post. Thanks

misshwe kyan said...
This comment has been removed by the author.
misshwe kyan said...

shearing လုပ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ မသိလို့ တစ်ခုမေးပါရစေရှင်။ ဒီလို IRAS Bill တွေပြပြီး အခွန်သက်သာခွင့်ရတာ မြန်မာပြည်မှာလား။ စင်ကာပူမှာလား။ ကျွန်မသူငယ်ချင်းက မြန်မာပြည်မှာပဲ ဒီလိုမျိုးလုပ်လို့ရတာလို့ ငြင်းနေလို့။ ဖြေပေးပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

Anonymous said...

When she goes back to embassy again for other matters, they will ask her to pay taxes for remaining months till 2011 december....

Anonymous said...

Yes, i heard the news and brought all the documents. They did not even see it and said it is not required but to pay the tax as per rate... May be their friends and relatives can have this kind of treatment but normal other people won't get this privileges...

ညိုလေးနေ said...

misshwe kyan

စင်္ကာပူမှာပါ။ မြန်မာပြည်မှာတော့ မဆောင်ဖူးလို့ မသိပါဘူးရှင်။


Anonymous ( June 5, 2013 at 1:40 AM )

Yeah, everybody who had got double tax relief should try for this to know clearly :)


Anonymous ( June 5, 2013 at 1:45 AM )

Sorry to know that.
I don't know why they treat people in different ways and what is the difference with your case. But I'm sure that my 2 friends who did not need to pay tax are totally not relating to them. One of them did not even know what documents were needed to bring as I wrote in the post.

Anonymous said...

မရပါ မနေ့က မေးကြည့် စုံစမ်းခဲ့ပီးပါပီ၊
နောက်တစ်ကြိမ် သံရုံးကို ကိစ္စတစ်ခုအတွက် လာရင် ၂၀၁၁ ဒီဇင်ဘာအတွက် ထပ်ပေး၇ပါမည်တဲ့

MMY said...

They showed at "Remark" . Do to IRAS Tax Payment, they've waived for that period as mentioned above. Since they mentioned in MM Embassy Web portal clearly, it made normed to everyone officially including MOFA. If they can't still urged you to pay TAX, just write in to MOFA. Come on. Check it out web. Nowadays, it's very comfortable to complaint.

ညိုလေးနေ said...

Anonymous ( June 5, 2013 at 10:29 PM )

နှစ်ထပ်ခွန် ကင်းလွတ်ခွင့် ရခဲ့သူတွေဟာ အခွန်ရှောင်ခဲ့သူတွေ မဟုတ်ပါဘူး။ အချက်အလက် အပြည့်အစုံပါတဲ့ ဝင်ငွေခွန်ထောက်ခံချက် ကိုလည်း သံရုံးကပဲ ထုတ်ပေးထားတာပါ။ အဲဒီ့အတွက်ကြောင့် ထောက်ခံချက်မှာ ရေးထားတဲ့အတိုင်း ကောင်စစ်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်တဲ့အခါတိုင်း မူရင်း/မိတ္တူ အပြင် IRAS အထောက်အထားတွေပါ ယူသွားရင် ထပ်ပေးစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်ရှင်။

Anonymous said...

Try lah, trying is no harm... But I'm very sure they will ask tax again for till 2011 December... Because it happened to me recently... I paid till march 2010 and got my new MRP passport in 2011... Now when I go back for my daughter's passport, they ask me to pay till 2011 December. No pay, no passport... So I had no choice but to pay... You may escape it in your time...

Yan said...

ဒီပို့စ်လေးကို ကိုယ်ပိုင်အချိန်လေးတွေ အသုံးပြုပြီး စေ့စေ့စပ်စပ် သေသေချာချာ ရေးပေးထားတဲ့အတွက် ကျေးဇူးပါ Sis ရေ...
Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားလိုက်ပါမယ်.

https://www.facebook.com/mmblogsdigest

ခင်မင်စွာဖြင့်

Yan.

ညိုလေးနေ said...

အချိန်ပေးပြီး သေချာဖတ်သွားတဲ့ အတွက်လည်း ကျေးဇူးပါ ကိုရန်အောင် :)

Anonymous said...

မဆောင်ရတော့ဘူးဆိုရင်လည်း သံရုံးက ရှင်းမပြပါဘူး ။ ပြီးခဲ့ တဲ့ အပတ်ကတင်ဆောင်ပြီးပြီး ။ စောစောစီးစီးမသိရတာ နာတာပဲ ။ website ထဲဝင်ဖတ်ပြီးတော့မှသွားတာ ။ သံရုံးမှာလည်း သူတို့ ပြင်ထားတဲ့ စာရွက်စာတမ်းတွေကို ဖတ်တာပဲ ။ ဘယ်လိုမှ မသိရဘူး ။

Kyaw Wai said...

ကျွန်တော် ကိုယ်တိုင်နဲ့  မိတ်ဆွေ ၆ယောက် လတ်တလောပဲ ဒီပို့စ်ရဲ့ အချက်လက်/အကူညီတွေနဲ့ ပတ်စ်ပို့ သက်တမ်းတိုးခဲ့တာ တကယ်ပဲ အခွန်လွတ်ကင်းခွင့်ရရှိပြီး ပတ်စ်ပို့အသစ် ရရှိပြီး ဖြစ်ပါကြောင်း သက်သေခံအပ်ပါသည်....ပို့စ်တင်ပေးသူ ညိုလေးနေ ကိုလဲ အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ကျွန်တော့် ဖေ့ဘွတ်ခ်မှာ ဒီပို့စ်ကို Shareထဲတဲ့အတွက် ယခုချိန်ထိ အသိမိတ်ဆွေများက မယုံတစ်ဝက်/ယုံတစ်ဝက်နဲ့  ဆက်သွယ်မေးမြန်းနေကြပါသေးသည် ...သို့ ဖြစ်ပါသောကြောင့် အထက်ပါ ပို့စ်ပါအချက်လက်များသည် ၁၀၀% မှန်ကန်ကြောင်း ထောက်ခံပါသည်...
ကျေးဇူးတင်စွာဖြင့်
ကျော်ဝေ

ညိုလေးနေ said...

Anonymous

စိတ်မကောင်းပါဘူးရှင်။ ကျွန်မ တတ်နိုင်သလောက်တော့ သတင်းဖြန့်ဝေပေးပါတယ်။


ကိုကျော်ဝေ

တကယ်ကို ဝမ်းသာပါတယ်ရှင်။ ဆက်လက်ပြီး မျှဝေပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

Anonymous said...

Kyaw Wai said...

ကျွန်တော် ကိုယ်တိုင်နဲ့  မိတ်ဆွေ ၆ယောက် လတ်တလောပဲ ဒီပို့စ်ရဲ့ အချက်လက်/အကူညီတွေနဲ့ ပတ်စ်ပို့ သက်တမ်းတိုးခဲ့တာ တကယ်ပဲ အခွန်လွတ်ကင်းခွင့်ရရှိပြီး ပတ်စ်ပို့အသစ် ရရှိပြီး ဖြစ်ပါကြောင်း သက်သေခံအပ်ပါသည်....ပို့စ်တင်ပေးသူ ညိုလေးနေ ကိုလဲ အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ကျွန်တော့် ဖေ့ဘွတ်ခ်မှာ ဒီပို့စ်ကို Shareထဲတဲ့အတွက် ယခုချိန်ထိ အသိမိတ်ဆွေများက မယုံတစ်ဝက်/ယုံတစ်ဝက်နဲ့  ဆက်သွယ်မေးမြန်းနေကြပါသေးသည် ...သို့ ဖြစ်ပါသောကြောင့် အထက်ပါ ပို့စ်ပါအချက်လက်များသည် ၁၀၀% မှန်ကန်ကြောင်း ထောက်ခံပါသည်...
ကျေးဇူးတင်စွာဖြင့်
ကျော်ဝေ
October 6, 2013 at 10:02 PM


Hi Ko Kyaw Wai,
How long does it take to get the new book ? ( same day or have to wait 1 month ).
Thanks.

ညိုလေးနေ said...

Anonymous

I don't know how long does it take for Ko Kyaw Wai. But my friends had to wait for 1 month to get new MRP.

Anonymous said...

ညိုလေးနေ said...

Anonymous

I don't know how long does it take for Ko Kyaw Wai. But my friends had to wait for 1 month to get new MRP.


Thanks for the response Nyolaynay, credible sources told me the same and the info you provided here is still VALID.

Cheers!

Anonymous said...

TZA said...

Damn, သောက်သုံးမကျ သောက်ရေးမပါတဲ့စင်္ကာပူမြန်မာသံရုံး။


That's not true! They now have working online booking system and you can find the efficient queuing system in action at Embassy. The waiting area is equipped with FAN, water and the roof is fitted with special material to reflect sun radiation and heat. For me that's a HUGE improvement compared to 3 yrs ago. The only thing missing for me was a beautiful female staff who served me 3 yrs ago. She apparently transferred to other place ( i guess ) , many people know who I'm referring to if you've renew your book 3 yrs ago. ;-)

Anonymous said...

Unable to read some Bur fonts in Window 7 ( 64 bit ).
e.g TZA comment. what fonts is that ?

Post a Comment