Friday, February 21, 2014

ကြို




ကြို 

အလွမ်းတစ်ချက်အတွက်
ပန်းတစ်ခက်ပွင့်မယ်ဆို
ပင်လုံးကျွတ်ဝေ
ချယ်ရီတွေ ငိုလောက်ရဲ့

တမ်းတမိချိန်တိုင်းဝယ်
ကြယ်တစ်စင်း လင်းမယ်ဆို
ညကောင်းကင်မှာ
နေရာတွေ လိုလောက်ရဲ့

အမှတ်တရတစ်ခုစီသာ
စာစီကာ ဖွဲ့မယ်ဆို
ပင်လယ်မှင်မနိုင်
တိမ်ဆိုင်တွေ ပြိုလောက်ရဲ့

ငါ့ မေတ္တာတရားတွေသာ
နင် တန်ဖိုးထားတတ်မယ်ဆို
 ခွင့်လွှတ်နားလည်ခြင်းတွေခို 
 ရင်ခွင်ကို အကြိုထောက်လှည့် 

x x x x x

 
ညိုလေးနေ
20.02.2014 (4:04 pm )

5 comments:

Aunty Tint said...

ကဗျာလေးခံစားဖတ်သွားတယ် ... ချစ်ဘို့ကောင်းတဲ့ ညိုလေးနေ <3

မေတ္တာဖြင့်
တီတင့်

Amy said...

chit sa yar sa kar tway nae' write htar tae' poem lay ko phate thwar par tal :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲ။ အသံထွက်ဖတ်ကြည့်တော့လည်း ကဗျာရဲ့ အသံလေးက လှတယ်။

ညိုလေးနေ said...

ကျေးဇူးပါ တီတင့်
ရေးချင်စိတ်ရှိလျက်နဲ့ အချိန်မပေးနိုင်ဘဲ ရင်ထဲအောင်းနေတာတွေက တီတင့်တို့ တိုက်တွန်းလိုက်မှ မရမက အချိန်လု ရေးဖြစ်တာ။

Amy
ချစ်စရာ comment လေးကိုလည်း မနည်း ဖတ်လိုက်ရတယ် ညီမလေး :P

ကဗျာလေးလာဖတ်တဲ့အတွက် ကျေးဇူးပါ မမြတ်ပန်းနွယ်

ရင်ငြိမ်းသူ (Yin Nyein Thu) said...

ချစ်စရာ ကဗျာလေး!
မညိုလေးနေ လင့်ခ်ကိုလည်း ချိတ်ဖို့ ယူသွားခဲ့တယ်နော်။

Post a Comment