Friday, April 17, 2015

ရူးသွပ်ဖူးသလား မေးချင်သည်

စိတ်ကူးဆန္ဒနဲ့ ရူးသွပ်စွာစွဲလမ်းခြင်း ။

လူတစ်ဦးစီရဲ့  စိတ်ကူးထဲက ဆန္ဒ တစ်ခုစီဟာ ဘာတွေများဖြစ်နေမလဲ။
လူအမ် ဳ ိးမ် ဳ ိး စိတ်အထွေထွေမို့ တစ်ယောက်စီကိုသာ စမ်းစစ်ကြည့်ရလျှင်ဖြင့် တော်တော် စိတ်ဝင်စားစရာ ကောင်းမည်ထင်သည်။

စိတ်ကူးဆန္ဒဆိုလို့ ရောထွေးသွားမှာတော့ စိုးရသည်။ သူပြောချ င်သည့် စိတ်ကူးဆန္ဒ ဆိုတာက "  ဆရာဝန်ဖြစ်ရမယ်၊ ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်ချင်တယ်၊ ကုမ္ပဏီကြီးထောင်လိုက်မယ် " ဆိုတာတွေလို ဘ၀ရည်မှန်းချ က် စိတ်ကူးပန်းတိုင်တွေ မဟုတ်။ ဒီလို ဘ၀ပန်းတိုင်ဆိုတာတွေက အများစုအတွက် တကယ်လည်း လုပ်ဖြစ်ကြပြီး လုပ်ကို လုပ်ရမယ်လို့လည်း ရည်မှန်းသတ်မှတ်ထားတဲ့ အိပ်မက်တွေ။ သူဆိုလိုတဲ့ စိတ်ကူးအိပ်မက်က ဘ၀အတွက်ဆိုတာထက် ကိုယ့်တစ်ကိုယ်စာ ရူးသွပ်စွာစွဲလမ်းခြင်း  အတွက်သာ။ 

ထိုစိတ်ကူးနဲ့ရူးသွပ်ခြင်းဆိုတာ လူတိုင်းမှာ ရှိတယ်လို့ မဆိုနိုင်ပေမယ့် အများစုမှာတော့ ရှိနေလိမ့်မည်ဟု သူထင်သည်။ တချို့တချို့ရဲ့ ရူးသွပ်ခြင်းတွေက အသက်အရွယ်အလိုက် ပြောင်းလဲသွားနိုင်သလို၊ တချို့ကလည်း ကလေးဘ၀ ကတည်းက တစွဲတလမ်း ရှိခဲ့ကြလိမ့်မည်။  " တစ်နေ့နေ့ တစ်ချိန်ချိန် " ဆိုပြီး ရင်ထဲမှာရှိနေတတ်ပေမယ့် မဖြစ်မနေ လုပ်ရမယ်လို့လည်း မဆိုသလို အဲဒီ့အတွက် စိတ်ပင်ပန်းနေစရာလည်းမလို။ ကလေးတစ်ယောက်ရဲ့ စွဲလမ်းနေတဲ့ဆန္ဒဟာ တစ်နေ့မှာ သူအမြဲ မျှော်မော့ ကြည့်ခဲ့ရတဲ့ သရက်ပင်ခွကြားမှာ တက်ထိုင်နိုင်ရေးလည်း ဖြစ်နေနိုင်သည်ပဲ။

ရူးသွပ်စွဲလမ်းခြင်းတွေက ဥစ္စာ၊ ပညာ ရရာရကြောင်းနှင့်လည်း ဆက်စပ်ချင်မှ ဆက်စပ်လိမ့်မည်။ ငွေကုန်ဖို့ပင် ပို၍ဖြစ်နိုင်ပါသေးသည်။ ဘ၀အတွက် အရေးမကြီးဘူး ဆိုသည့်တိုင် ကိုယ်ရူးသွပ်ခဲ့တာလေးတွေ အမှန်တကယ် ဖြစ်လာတဲ့အခါ .... ပြောမပြနိုင်တဲ့ ကြီးကျ ယ်ခမ်းနားခြင်းတွေ သယ်ဆောင်ပေးလာနိုင်သည်၊ တစိမ့်စိမ့်တွေးတိုင်း ကြည်နူးရမယ့် အရာတွေလည်း ယူလာပေးနိုင်သည်၊ ကျေ နပ်နှစ်သိမ့်ခြင်းတွေ၊ အမှတ်တရတွေ ... ။

ခရစ်နှစ်သစ်ကူးရဲ့ ညစာစားပွဲတစ်ခုမှာ နှစ်သစ်အတွက် ရည်မှန်းချ က်တွေ အပြန်အလှန် ဖလှယ်ကြရင်း လူငယ်ကောင်လေးတစ်ယောက်ရဲ့ငယ်စဉ်ကတည်းက မပြောင်းလဲနိုင်တဲ့ ဆန္ဒတစ်ခုကို မမျှော်လင့်ဘဲ သူကြားခဲ့ရဖူးသည်။

" ဟောလိဝုဒ်က ဇာတ်အိမ်ကောင်းကောင်းနဲ့ လူတွေ စိတ်ဝင်စားလောက်မယ့် ရုပ်ရှင်ကားတစ်ကားမှာ ဘယ်နေရာလေးကပဲဖြစ်ဖြစ် ပါလိုက်ချင်တာ၊ ကျွန်တော့ကို ထင်ထင်ရှားရှား မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ကျေ နပ်တယ်၊ အဲဒါ ကျွန်တော်ရဲ့ အကြီးမားဆုံး ဆန္ဒပဲ "

ထိုဆန္ဒက တချို့အတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် Software Developer ဆိုသော ထိုလူငယ်လေး အတွက်တော့ ခမ်းနားလွန်းလှမည်ထင်သည်။ ထိုအတွေးမျိုး သူလည်းတစ်ခါမှ မတွေးဖူးခဲ့။ Titanic လို ဇာတ်ကားမျိုးရဲ့သင်္ဘောစီး ခရီးသည်တစ်ဦးအဖြစ်၊ Night of the Museum ထဲက ရုပ်တုလေးတစ်ခု ဒါမှမဟုတ် ပြတိုက်လာကြည့်သူတစ်ဦး၊ နောက်ဆုံး Spartacus လို Gladiator လို ဇာတ်ကားထဲက ကျွန်တစ်ဦးပဲ ဖြစ်နေပါစေဦးတော့ စိတ်ကူးထဲကအတိုင်း ပါဝင်ခွင့်ရမယ်ဆိုရင် ကျေ နပ်စရာပဲ မဟုတ်ပါလား။ ဒီလိုဇာတ်ကားကြီးတွေက ဒီလိုလူတွေရဲ့ အင်အားတွေနဲ့ ခမ်းနားခဲ့တာပဲ။ 

သူလေးတန်းအရွယ်က အိမ်နီးနားချင်း ရှစ်တန်းအရွယ် အစ်မ တစ်ယောက်ပြောခဲ့ဖူးတာလေး မှတ်မိနေသေးသည်။ ရေကူးကျွမ်းကျင်သော သူမက ရေကူးခွင့်သာရမည်ဆိုလျှင် ကန်တော်ကြီးထဲက ကရဝိတ်ငှက်ရဲ့ တောင်ပံတွေဆီကူးသွားပြီး ဟိုတယ်ပေါ်ရောက်အောင် တွယ်တက်ချင်ပါသတဲ့။ အပေါ်ကနေ အေးအေးဆေးဆေး သွားလို့ရသောနေရာကို တောင်ပံကနေ တွယ်ကပ်တက်ချင်သည့် မိန်းကလေးငယ်တစ်ယောက်ရဲ့ ထူးဆန်းသော စိတ်ကူးကို တအံ့တသြ နားထောင်ခဲ့ဖူးသည်။ 

သူ့သူငယ်ချင်းတစ်ယောက်ကတော့ ဂျ ပန်ပြည်ရောက်ခဲ့စဉ်က တိုကျိုမြို့ ရဲ့ ကားရပ်နားရာ နေရာလေးတစ်ခုကို မရောက်ရောက်အောင် သွားကြည့်ခဲ့ဖူးသည်။ လူတွေနားမလည်နိုင်စရာ ကိစ္စတစ်ခုပေမယ့် သူငယ်ချ င်းအတွက်က ဒါဟာ တစ်နေ့ဂျ ပန်ရောက်ခဲ့ရင် ဆိုပြီး နှစ်ပေါင်းများစွာမက်ထားတဲ့ အဓိပ္ပါယ်ပြည့်ဝလှသော အိမ်မက်တစ်ခု။

ဧဝရတ်တောင်တက်ကြသူတွေကို သူ နားမလည်နိုင်ပေမယ့် ဒါသည်လည်း သူတို့ရဲ့ အလွန်ကြီးမားသော ဆန္ဒကြောင့်ဖြစ်ကြလိမ့်မည်ဟု သူလက်ခံသည်။

နောက်ထပ် ...  ကနေဒါရဲ့ မေပယ်ရွက်ကြွေလမ်းမှာ လျှောက်ချ င်သူတစ်ဦးကိုလည်း သူဆုံခဲ့ဖူးသည်။

Post IT ခေတ်ကြီးထဲမှာ မေပယ်ရွက်ကြွေတောကို အင်တာနက်ကနေရော မတွေ့နိုင်ဘူးလား။ youtube ကနေရော မကြည့်နိုင်ဘူးလား။ အပင်တွေအောက် ကိုယ်တိုင်လျှောက်မှတဲ့လား။ ကိုယ်နေထိုင်ရာမှာရှိတဲ့ အထင်ကရ သစ်ပင်တွေကရော စိတ်ကျေ နပ်မှု အပြည့်အ၀ မပေးနိုင်ဘူးလား။

သူ့ ကိုသာ မေးလာလျှင်တော့ မေးခွန်းလေးခုလုံးအတွက် တွင်တွင်သာ ခေါင်းညိမ့်မိလိမ့်မည်။ အင်တာနက်ကနေလည်း ပုံတွေတွေ့နိုင်ပါသည်။ youtube ကနေလည်း လှု ပ်လှု ပ်ရှားရှား ရုပ်ပုံများကို  ကြည့်လို့ရပါသည်။ ဒါပေမယ့် မေပယ်ပင်တွေအောက် ကိုယ်တိုင်လျှောက်ရသလို စစ်မှန်တဲ့ ကြည်နူးကျေ နပ်ခြင်းတွေကို ပုံရိပ်ယောင်တွေက ပေးနိုင်မှာမှ မဟုတ်တာ။ ဒါတွေကိုယ်တိုင်က ထိုမြင်ကွင်းအစစ်တွေကို လာကြည့်စေဖို့၊ ကြည်နူးခံစားစေဖို့ ဖိတ်ခေါ်နေကြတာပဲ။ သူတို့ ရင်ထဲမှာ အစစ်အစစ်သော လှပခြင်း၊ သာယာခြင်းတွေကို ခံစားနိုင်ဖို့ နှလုံးသားတစ်စုံက ရှိနေသေးသည်ကော။

သြစတြေးလျ ရဲ့ စိန်ပန်းပြာတွေက မြန်မာပြည်က ပိတောက်ရနံ့ကို ပေးနိုင်မှာ မဟုတ်သလို မြန်မာပြည်ရဲ့ ပိတောက်ရနံ့ကလည်း ပြင်သစ်ပြည်က လာဗန်းဒါးနဲ့ ရနံ့ချ င်း မတူ။ ဒီလိုအကြောင်းတွေကြောင့်ပဲ ကမ္ဘာသူ၊ ကမ္ဘာသားတွေက ကမ္ဘာမြေကို လှည့်ပတ်သွားနေကြတာ မဟုတ်လား။
 
မြတ်စွာဘုရားကိုယ်တော်တိုင် ပုထုဇနော ဥမ္မတကော လို့ ဟောကြားထားသော လူသားတွေရဲ့ သန္တာန်မှာ ရူးသွပ်ခြင်း စိတ်ကူးလေးတွေ ရှိနေတာကို သူကတော့ ရယ်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာလို့  မမြင်မိ။ ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသနေခြင်းကိုကပင် သူ့အတွက်တော့ ကျေ နပ်စရာ။ တစ်စုံတစ်ယောက်ကများ သူ့ကိုရူးသွပ်ဖူးသလားဟု မေးလာခဲ့လျှင်ရော။  

သူ့မှာ ဖြေစရာ အဆင်သင့်ရှိပါသည်။


                                                 

တစ်နေ့နေ့ တစ်ချိန်ချိန် မီလန်မြို့ က ဆန်စီရိုကွင်းရဲ့ မြက်ခင်းအလယ်မှာ ထိုင်ခွင့်ရရေးသည် သူ၏ အိပ်မက်ဖြစ်သည်။

ဟုတ်သည်။

သူသည် ခံစားတတ်သော နှလုံးသားရှိကာ လူသားပီသစွာ ရူးသွပ်နေဆဲ ဖြစ်လေသည်။        ။


ညိုလေးနေ  
( 17.04.15 )  0:26 am


17.04.2015 မှာကျရောက်တဲ့ Blog ရဲ့ လေးနှစ်ပြည့်မွေးနေ့အတွက် စာလေးတစ်ပုဒ် ရေးထွက်လာစေဖို့ အစပျိုးပေးသော သူငယ်ချင်းအား ကျေးဇူး စကား ဆိုပါသည်။

       

         " အားလုံးအတွက် မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေ "



8 comments:

Sonata Cantata said...

နှစ်သစ်ဆုတောင်း၊ ညို တွက်တောင်းသည်
ခြေထောက်ပါ၍၊ *ရွာရောက်စေသတည်း...။

*ရွာ = မီလန်မြို့ က ဆန်စီရိုကွင်းရဲ့ မြက်ခင်းအလယ်

ဇွန်မိုးစက် said...

အစပျိုးပေးတဲ့သူငယ်ချင်းက ဘယ်သူလဲဟင်?
ညို့ရူးသွပ်မှုက ဇွန်နဲ့လည်း တစ်ဝက်ဆိုင်တယ်လို့ ခံစားရတယ်။

ညိုလေးနေ said...

မမသီတာ
ပြည့်ပါစေကြောင်း၊ ထပ်ဆင့်တောင်းမည်
ကျေးဇူးတင်ကြောင်းလည်း ဆိုပါသည်။ :)

ဇွန်သိတဲ့ ညို့  သူငယ်ချင်းတွေထဲက တစ်ယောက်ပါ
ညို့ ရဲ့ကုန်ကျစရိတ်ပါ တစ်ဝက်ဆိုင်လိုက်ပါလား ဇွန်ရယ် ... နော် ... :P




Adora etc. said...

ညိုရေ ဂျပန်ပြည်က ကားရပ်တဲ့နေရာဆိုတာ တော့တိုးချဲန် ရဲ့ကျောင်းနေရာဟောင်းလေးလားဟင်။ Adora လဲရောက်အောင်သွားမယ်လို့ဆုံးဖြတ်ထားတယ်။ ညို့ဆန္ဒတွေလဲပြည့်ပါစေ။

ညိုလေးနေ said...

Adora လည်း တော့တိုးချန် ပရိသတ်ပဲကိုး :)
ဟုတ်ပါတယ်၊ ကုန်းတက်ကုန်းဆင်းလမ်းလေးတွေနဲ့ သပ်ရပ်ပြီး ချစ်စရာရပ်ကွက်လေးထဲမှာပါ။ Adora ရဲ့ဆန္ဒတွေလဲပြည့်ပါစေ။

ရင်ငြိမ်းသူ (Yin Nyein Thu) said...

ဘလော့ လေးနှစ်ပြည့်မှ နှစ်များစွာ စာတွေဆက်ရေးနိုင်ပါစေ မမညိုလေး။
မညိုစွဲလန်းမှုလေးလည်း အမြန်ပြည့်နိုင်ပါစေ။

Ma Tint said...

သူ့အတွက် ဆုတောင်းပေးချင်တယ်.... တစ်နေ့နေ့ တစ်ချိန်ချိန် မီလန်မြို့က ဆန်စီရိုကွင်းရဲ့ မြက်ခင်းအလယ်မှာ ထိုင်ခွင့်ရရှိပါစေလို့ နောက်ပြီး လေးနှစ်မှ နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဘလော့ဂင်းနိုင်ပါစေ ညိုလေးရေ။

ညိုလေးနေ said...

ဆုတောင်းတွေအတွက် ကျေးဇူးပါ တီတင့်နဲ့ ညီမလေး ရင်ငြိမ်းသူ :)

Post a Comment