ကြို
အလွမ်းတစ်ချက်အတွက်
ပန်းတစ်ခက်ပွင့်မယ်ဆို
ပင်လုံးကျွတ်ဝေ
ချယ်ရီတွေ ငိုလောက်ရဲ့
ပန်းတစ်ခက်ပွင့်မယ်ဆို
ပင်လုံးကျွတ်ဝေ
ချယ်ရီတွေ ငိုလောက်ရဲ့
တမ်းတမိချိန်တိုင်းဝယ်
ကြယ်တစ်စင်း လင်းမယ်ဆို
ညကောင်းကင်မှာ
နေရာတွေ လိုလောက်ရဲ့
အမှတ်တရတစ်ခုစီသာ
စာစီကာ ဖွဲ့မယ်ဆို
ပင်လယ်မှင်မနိုင်
တိမ်ဆိုင်တွေ ပြိုလောက်ရဲ့
ငါ့ မေတ္တာတရားတွေသာ
နင် တန်ဖိုးထားတတ်မယ်ဆို
ခွင့်လွှတ်နားလည်ခြင်းတွေခို
ရင်ခွင်ကို အကြိုထောက်လှည့်
x x x x x
ညိုလေးနေ
20.02.2014 (4:04 pm )
20.02.2014 (4:04 pm )
5 comments:
ကဗျာလေးခံစားဖတ်သွားတယ် ... ချစ်ဘို့ကောင်းတဲ့ ညိုလေးနေ <3
မေတ္တာဖြင့်
တီတင့်
chit sa yar sa kar tway nae' write htar tae' poem lay ko phate thwar par tal :)
ကဗျာလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲ။ အသံထွက်ဖတ်ကြည့်တော့လည်း ကဗျာရဲ့ အသံလေးက လှတယ်။
ကျေးဇူးပါ တီတင့်
ရေးချင်စိတ်ရှိလျက်နဲ့ အချိန်မပေးနိုင်ဘဲ ရင်ထဲအောင်းနေတာတွေက တီတင့်တို့ တိုက်တွန်းလိုက်မှ မရမက အချိန်လု ရေးဖြစ်တာ။
Amy
ချစ်စရာ comment လေးကိုလည်း မနည်း ဖတ်လိုက်ရတယ် ညီမလေး :P
ကဗျာလေးလာဖတ်တဲ့အတွက် ကျေးဇူးပါ မမြတ်ပန်းနွယ်
ချစ်စရာ ကဗျာလေး!
မညိုလေးနေ လင့်ခ်ကိုလည်း ချိတ်ဖို့ ယူသွားခဲ့တယ်နော်။
Post a Comment