" လ ကလေး "
ကဆုန်လပြည့် လမင်းကြီးနဲ့ မမျှော်လင့်ဘဲ မမှောင်ခင်ကတည်းက ဆုံခဲ့ရတယ်
ယုန်ကလေး ဝပ်နေတာတွေ့လားဟင် ?
ဆန်ဖွတ်တဲ့ အဘိုးအိုကိုတော့ ဘယ်တုန်းကမှ ရှာမတွေ့ဘူး
နေမဝင်သေးလို့ ကိုယ်ရောင်ဖျောက်နေတာပါ
သူလည်းကောင်းကင်မှာ ကိုယ်လည်း ကောင်းကင်မှာ
ငွေလမင်းတဲ့လား
ကဆုန်ကလပြည့် ပိတ်ရက်မှာထွက်တဲ့ ခရီးစဉ်တွေက အမှတ်ရစရာ ခရီးစဉ်တွေ ဖြစ်သွားတတ်တယ်။ အခုလည်း ကောင်းကင်ပေါ်မှာ လပြည့် လ ကို တွေ့ခဲ့ရတယ်။ တကယ်ကို နီးနီးလေးလိုပဲ။ ပြီးတော့ တွေးမိတယ်။ လမင်းမှာလည်း ကိုယ်ပိုင်အလင်းမရှိဘူး၊ ကိုယ်လည်း ကောင်းကင်မှာပျံနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် လမင်းရဲ့ အလင်းရောင်က အေးမြတယ်။ ကိုယ်ရဲ့ ပျံသန်းမှု ကရော ..... ဘယ်ကို ဘယ်လို ဆက်ပျံသန်းမှာတဲ့လဲ ...... ။ ။
ညို လေးနေ
၁၅.၀၅.၂၀၁၄ ( ၀၀း ၁၂ )
2 comments:
ဘယ်ကို ဘယ်လိုဆိုတာတွေ မသဲကွဲ မသေချာပေမဲ့လည်း ညီမတို့တွေ ပျံတော့ပျံသန်း ရနေအုံးမှာပါ မမညိုလေးနေ
ဟုတ်တယ်နော် ညီမလေး ရင်ငြိမ်းသူ
တောင်ပံတွေ ခတ်နေနိုင်သ၍ ......
Post a Comment