လွမ်းနေဆဲကမ်းခြေ
**************
စိတ်ထွေ မငြီး
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား
ကျောက်ဆောင်ပေါ်ရောက်
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား
နေရာတွေမလပ်
ခြေရာတွေထပ်
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား
သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား
သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား
x x x x x
18.11.2014 ( 10:00 am )
Facebook မှာ Black & White ပုံတွေတင်ကြတုန်းက ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။
4 comments:
ကာယံစီရီ စာညီညီနဲ့
ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခဲ့ပြီ ညိုလေးရေ... ♥♥♥
ကာရံလှလှကလေးနဲ့ လွမ်းစရာကောင်းနေသော ကဗျာလေးနဲ့ ပုံလေးနဲ့ထင်ဟတ်..း)
ဘယ်ဆီကိုရောက်ရောက်... ဘာတွေကိုလုပ်လုပ်... အတွေးထဲအမြဲတမ်း မင်းဝင်နေတယ်.... xxx... xxx... ဟူး...ဘေဘီ... အလွမ်းများ...
ကျေးဇူးပါ တီတင့်း)
ဟုတ် မမိုးငွေ့ ၊ ပုံလေးကြောင့် ကဗျာဖြစ်လာတာပါး)
ဇွန် ..... xx ... xx..... လွမ်းရတဲ့ ညတွေ လွန်ပါစေ .... ;)
Post a Comment