Friday, April 22, 2011

Truth & Trust အတွက် ကျေးဇူး

Truth & Trust ဆိုတဲ့ blog ဖြစ်ပေါ်လာတာ စာရေးစာဖတ် ဝါသနာ ပါလွန်းလို့ပါ။ အဲဒီ့အတွက် ဦးဦးဖျားဖျား ကျေးဇူးတင်တာက အမေ့ ကိုပါ။ အမေက စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့တယ်။ စာရေးချင်တာကို ပိုလို့အားပေးခဲ့တယ်။ ပြီးတော့ ... မီးပျက်တဲ့ညနက်နက်မှာ စာဖတ်ချင်ရင်တောင်မှ ဘက်ထရီမီးချောင်းဆင်ပေးတတ်တဲ့ အဖေ နှင့် ဘာပဲလုပ်ချင်လုပ်ချင် ဖြစ်မြောက်အောင် အနောက်က မြဲပံ့ပိုးပေးတတ်တဲ့ အစ်ကိုအစ်မများရဲ့  ကျေးဇူးပေါ့။

နောက်ထပ် ကျေးဇူးစကားပြောချင်တာက လသာ( ၂ )က မြန်မာစာဆရာမများကိုပါ။ ကဗျာတွေဖတ်မိရေးမိရင် ဆရာမဒေါ်စမ်းမြင့်ကို သတိရမိသလို၊ စာတစ်ပုဒ်ရေးတိုင်းလည်း ဆရာမဒေါ်မြင့်မြင့်သွယ် နှင့် ဆရာမဒေါ်ခင်ညွန့် ကို သတိရမိပါတယ်။

Truth & Trust အတွက် အထူးကျေးဇူးတင်ရမှာက blog စ လုပ်ဖြစ်အောင် အားကျစေခဲ့တဲ့ ၊ တွန်းအားတစ်ခုဖြစ်စေခဲ့တဲ့ အမချစ် နှင့် blogger မောင်နှမများပါ။

ရေးချင်တာတွေရေးလို့ တင်ချင်တာတွေ တင်ထားတာကို တကူးတက လာဖတ်ပေးတဲ့ " စာဖတ်သူ " ကိုလည်း သိပ်ကိုကျေးဇူးတင်ကြောင်း သိစေချင်ပါတယ်။

နောက်ဆုံး ကျေးဇူးတင်စကားကို ချစ်သော သူငယ်ချင်းတွေ နဲ့ အဆုံးသတ်ချင်ပါတယ်။
စာတွေရေးတိုင်း အရင်ဆုံးဖတ်ပေးတဲ့ အတူနေသူငယ်ချင်း ဇွန် နှင့် မောင်လေး၊ သူငယ်ချင်းအတွက် အားပေးစကား အမြဲအဆင်သင့်ရှိတတ်တဲ့ မဒီ ၊ blog လုပ်ချင်တယ်ပြောလိုက်တာနဲ့ blog နဲ့ ပတ်သက်တဲ့ link တွေ၊ blog အကြောင်းဖတ်စရာတွေ ရှာပေးတဲ့ သူငယ်ချင်း အဂ္ဂ ၊ ဒီလိုစိတ်ကူးမျိုး မရှိခင် ကတည်းက ရေးတဲ့ ကဗျာတိုင်း စာတိုင်းကို ဖတ်ပေး ဝေဖန်ပေးတဲ့ တိမ်ရိုင်း နှင့် နေရဲ ၊ " ငါက ကဗျာဥာဏ်နည်းတာကိုး " လို့ အမြဲပြောတတ်ပေမယ့် ကဗျာဖြစ်သွားစေတဲ့ စကားလုံးတွေ နဲ့စကား ပြောတတ်တဲ့ သူငယ်ချင်း နှင့် စာရေးခြင်းကို အားပေးကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။


ညိုလေးနေ

5 comments:

ဇွန်မိုးစက် said...

လသာ၂ က တီချယ်တွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို နင်ဆက်ရေးပေးနော်။း)

Unknown said...

sat yay main ma nin yay ta a yan kg tal i was engrossed in all ur articles :)

မမင်း said...

သြ... မင်္ဂလာရှိပါပေတယ်
နံပါတ် ၂၅ခုမြောက် ကတညုတ-ကျေးဇူးသိတတ် မင်္ဂလာပါ
သာဓု သာဓု သာဓု

Unknown said...

I'm a student of BEHS 2 Latha, too! ;) Nice to meet you and thank you for your article!

ညိုလေးနေ said...

Ma Thaw Tar Win
Thank you too for visiting Truth & Trust and greeting :)

Post a Comment