Friday, February 10, 2012

ရှရာ

မိန်းကလေးမို့ ထမင်းဟင်းချက် သင်ညှပ်ဖြတ် .....
မသိလိုက်တဲ့ ဓါးရှရာလေးတွေ .....

စာရေးသူမို့ စာရေး စာဖတ် စာတွေမှတ် .....
မသိလိုက်တဲ့ စက္ကူရှတာလေးတွေ .....

ချစ်တတ်သူမို့ အချိန်မရွေး နားထောင်ပေး .....
သိလိုက်ပေမယ့် နာဖို့မေ့နေတဲ့ စကားလုံးရှရာလေးတွေ .....

အရေပြားပေါ်က ရှရာလေးတွေ အလား
နှလုံးသားပေါ်က ရှရာလေးများ

မရင်း၊ မထပ်၊ မနက်၊ မမျက် ပါစေသား ... ။


ညိုလေးနေ
10.02.2012 9:03 am

8 comments:

ဇွန်မိုးစက် said...

ခုတ်ရာတခြား ရှရာတလွဲတော့ မဖြစ်စေချင်....

ချစ်ကြည်အေး said...

ဟန်ဒီပလတ်စတာနှင့်တူသော တရားအမြိုက်ဆေးနဲ့သာ ကပ်လိုက်ပါ။ ရှရာ ပျောက်သွားပါလိမ့်မယ် ညီမ ညိုလေးရေ.....း)))

ပျောက်နေတယ်နော်......

mAymAd! said...

ညိုလေး နှလုံးသားနဲ့ခံစားနေရမယ်ဆိုရင်ပေါ့လေ...ရှရာလေးတွေပါညိုရယ်...ခနနေတော့လည်းပျောက်သွားတယ်လေ....ကြာလာတော့လည်း..လက်ကလေးတွေမှာပဲဖြစ်ဖြစ် နှလုံးသားမှာပဲဖြစ်ဖြစ် ရှရာလေးတွေများလာတော့လည်း..အသားမာတတ်ပြီး...ခံနိုင်ရည်ရှိလာမှာပါ..တခါတလေမှာတော့ဆူးခြစ်ရာလေးတွေကိုအနာလုပ်မနေပါနဲ့ကွယ်....ဒို့တွေဖြတ်သန်းလာရာတဲ့ ရာသီတွေလည်းအလီလီပြောင်းခဲ့ပြီ...ရင့်ကျက်ကြရအောင်နော်...... ချစ်တဲ့ မေမဒ္ဒီ.........

ညိုလေးနေ said...

ဇွန်ရေ
ခုတ်ရာဆိုရင်ဖြင့်ကွယ် ...

ဆေးကုဖို့ သတိပေးတဲ့ အမချစ် ... ကျေးဇူးး)

ဟုတ်တယ် မဒီရေ ... ရှရာလေးတွေက နောက်ဆို အသားမာတတ်၊ အသည်းမာတတ် လာမှာနေား)

မမင်း said...

သိလိုက်ပေမယ့် နာဖို့မေ့နေတဲ့ စကားလုံးရှရာလေးတွေ .....
ဟုတ်ပါ့ ညိုလေးပြောမှ သတိယတယ် ခဏခဏ ရှသကွယ်... အဲ့ ရှတတ မျက်တတ်တတ်ကို ကြိုက်တောင်နေပြီမှတ်တာပဲ

သက်ဝေ said...

ဘယ်လိုနည်းနဲ့မှ ဘယ်နေရာကိုမှ မရှပါစေနဲ့လို့...း))

ညိုလေးနေ said...

မင်းရေ
မင်းလည်း ခဏခဏ ရှသတဲ့လား

ဟုတ် အမသက်ဝေ... အမတွေ စိတ်မပူရအောင် သတိနဲ့နေပါ့မယ်း)

သတိုး said...

ရှရာများအား စုတ်တစ်သတ်သတ် ဖတ်ခဲ့ပါကြောင်းဗျာ..။
မရင်း၊ မထပ်၊ မနက်၊ မမျက် ပါစေသား ..လို့လည်း ထပ်ဆင့်ဆန္ဒပြုခဲ့ပါတယ်။း)
ခင်မင်သော. .. သတိုး

Post a Comment