Saturday, June 22, 2013

စိတ်မကောင်းဘူး "June"

အခွန်တွေ ပိုပေးလိုက်ရတယ် ... စိတ်မကောင်းဘူး
လစာ မပါတဲ့ လုပ်သက်တွေတိုးလာတယ် ... စိတ်မကောင်းဘူး
မစ္ဆရိယတွေ သိလိုက်ရတယ် ... စိတ်မကောင်းဘူး
မလေးရှားမှာ တို့လူမျိုးတွေ အသတ်ခံရတယ် ... စိတ်မကောင်းဘူး
စိုးရိမ်ပူပန်နေသူတွေ မြင်ရတယ် ... စိတ်မကောင်းဘူး
ငြိမ်းချမ်းရေးက အလှမ်းဝေးနေသေးတယ် ... စိတ်မကောင်းဘူး
မီးခိုးငွေ့တွေ သုံးနိုင်ငံလုံး ရှူ ရှိုက်နေရတယ် ... စိတ်မကောင်းဘူး
လျစ်လျူရှုထားခြင်း ခံရတယ် ... စိတ်မကောင်းဘူး
တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးတင် စော်ကားတယ် ... စိတ်မကောင်းဘူး
အချင်းချင်း ရန်လိုနေကြတယ် ... စိတ်မကောင်းဘူး
မေတ္တာတရားတွေ ပျောက်ဆုံးနေကြတယ် ... စိတ်မကောင်းဘူး
ခိုကလေးတွေ သေကြတယ် ... စိတ်မကောင်းဘူး
ခွေးလေးတွေ မှိုင်နေကြတယ် ... စိတ်မကောင်းဘူး
ချစ်တဲ့သူက ခွဲခွါသွားတော့မယ် ... စိတ်မကောင်းဘူး
တစ်ခါက ပြောခဲ့တယ် ပင်ပန်းလွန်းပါတယ် တဲ့
ဒါပေမယ့် ...
တကယ်ကို စိတ်မကောင်းဘူးကွယ်။       ။


ညိုလေးနေ
( 22.06.2013)  10:43 am

5 comments:

သက်ဝေ said...

ချစ်တဲ့သူက ခွဲခွာသွားတော့မယ် ဆိုတာ ကိုယ်လည်း စိတ်မကောင်းဘူး.... ဒီမှာရှိနေချိန်မှာ တချိန်လုံး တွေ့နေ ဆုံနေရတာ မဟုတ်သော်လည်း အခုလို အဝေးကြီး သွားတော့မယ်ဆိုတော့ စိတ်ထဲမှာ တမျိုးပဲ...း(

ဇွန်မိုးစက် said...

တကယ်တော့... ခွဲသွားမယ့်သူ ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်တယ်ဆိုတာ ညိုယုံစေချင်ပါတယ်။

Sonata Cantata said...

ဟိုနေ့က ညို့ကို စကားတောင် ကောင်းကောင်း မပြောခဲ့ဘူး..တို့က စိတ်ခိုင်ချင်ယောင် ဆောင်တတ်သလို အချော့လည်း မတော်ဘူးကွယ်...

Anonymous said...

ထပ်တူညီမျှတဲ့ သံယောဇဉ် နှစ်ခု ကို တွေ့  ခဲ့ လို့  " စိတ် မကောင်း ဘူး "

ညီလင်းသစ် said...

သူများတွေ အပြန်အလှန် စိတ်မကောင်း ဖြစ်နေကြတာကို ဘာမှ လာမကူနိုင်ဘဲ အဝေးကနေဘဲ စိတ်မကောင်းဖြစ်နေရတာကို စိတ်မကောင်းဘူး...။း(

Post a Comment