Wednesday, January 1, 2014

နေစဉ်



နေစဉ်

နေမင်းကြီးကို နှုတ်ဆက်၊
လေပြေတွေကို ပွေ့ဖက်လို့
နေ့သစ် တစ်နေ့ စတင်လိုက်ကြရအောင်လား … ။

ပြင်မရနိုင်တဲ့ အမှားတွေ ရှိတတ်တဲ့
ပြန်မရနိုင်တဲ့ အတိတ်ကို
မနေ့ ကနေရာမှာပဲ ထားခဲ့ကြရအောင်နော်…။

ညနေခင်းတွေထဲမှာ
တိမ်တိုက်တွေလို ပေါ့ပါးပြေးလွှားနိုင်ဖို့
တို့တွေ ပြင်ဆင်ရဦးမယ်လေ … ။

ပစ္စုပ္ပန်လို့ ခေါ်တဲ့ ခုနေချိန်ခါ
နောင်တတွေသာ မထုပ်ပိုးခဲ့ဘူးဆိုရင်
မနက်ဖြန်တွေကို ရင်ဆိုင်သွားနိုင်မယ့်
ညကောင်းလေးတွေ ရှိနေမှာ အသေအချာပါ


 ၀၅.၀၈.၂၀၁၀ (  ည ၉း ၃၅ )   
  


တန်ဖိုးအထားရဆုံးသော ချစ်သူငယ်ချင်း နဲ့  Truth & Trust ကို လာလည်သူအားလုံးအတွက်  နှစ်သစ်လက်ဆောင်ပါ။ 

အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ 

 

4 comments:

Anonymous said...

Happy new year ma!

ဇွန်မိုးစက် said...

အေးချမ်းသာယာမှုအပေါင်းနှင့် ပြည့်စုံသော မင်္ဂလာနှစ်သစ် ၂၀၁၄ ဖြစ်ပါစေ ညို။

Sonata Cantata said...

လျော့နေတဲ့အားတွေ ဟိုတစဒီတစ ပြန်စုမိလိုက်ရပါတယ်...ကျေးဇူးညိုလေး

Aunty Tint said...

2014 မကုန်သေးသ၍ နှုတ်ဆက်လို့ရတယ်ဟုတ် ? :P
ဘလော့ရွာလေးနဲ့ ဝေးကွားနေလို့ ဒီကနေ့မှ အလည်ရောက်တော့တယ် :)

မေတ္တာဖြင့်
တီတင့်

Post a Comment