Monday, April 21, 2014

ပိတောက်ပင်အောက် ပန်းကြွေကောက်

ရုံးအသွား ဘတ်စ်ကားပေါ်ကအဆင်း လေထုထဲမှာ ရင်းနှီးနေတဲ့ ရနံ့တစ်ခုက ပါလာတယ်။ စိတ်ထဲမှာ ဇဝေဇဝါ။ ရှေ့မှာတိုက်တန်းနှစ်ခုက ကာနေသေးတာကိုး။ နောက်တော့ တဖြည်းဖြည်းနဲ့ သေချာလာတယ်။ ဘယ်နေရာ ဘယ်ဌာနေရောက်ရောက် ဘယ်တော့မှ မေ့မသွားနိုင်တဲ့ရနံ့။



မျှော်တလင့်လင့်နဲ့ တိုက်တန်းနှစ်ခုကို အကျော်မှာတော့ သုံးပင်စလုံးက ဝင်းလို့။ ဒီနေ့ရုံးကို စောစောလာမိတာ မှန်သွားတယ်။ ခဲနေအောင်ပွင့်နေတဲ့ ပိတောက်ပင်တန်းအောက်မှာ ခေါင်းကိုမော့ ပိတောက်နံ့ကို ဝအောင်ရှူ ။ ပတ်ဝန်းကျ င်ကို မေ့ထားပြီး အပင်တွေကို မော့ကြည့်ရင်းလျှောက်။ ကိုယ်သွားရတဲ့လမ်းက ကားလမ်းဘေးမဟုတ်လို့သာပေါ့။ နောက်ထပ်ကံကောင်းချ င်တော့ အိတ်ထဲမှာ စနေနေ့ကတည်းက ထည့်ထားတဲ့ ကင်မရာက မထုတ်ရသေးဘဲ ရုံးကိုပါလာတယ်။ ထမင်းဘူးအိတ်ကို လမ်းပေါ်ချ ပြီး ဓါတ်ပုံရိုက်တော့ ရုံးသွားရုံးလာ၊ လမ်းသွားလမ်းလာတွေက ( ပထမအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 



စိတ်တိုင်းကျ ပုံလေးတွေရမှ ထမင်းဘူးအိတ်ပြန်ကောက်ပြီး ဆက်လျှောက်။ ရုံးက မြန်မာမောင်လေးနဲ့ လမ်းမှာဆုံလို့ ဟိုးမှာ ဆိုပြီးပြမိတော့ သူကလည်း ဟုတ်ပ အစ်မရယ် အဲ့တိုက်နားရောက်ကတည်းက မွှေးနေတာပဲ ဆိုပြီး ဝမ်းသာအားရ ပြန်ပြောတယ်။ ယောင်္ကျားလေးပေမယ့် မြန်မာပီပီ ပိတောက်ပန်းကြိုက်မှန်း ပြုံးနေတဲ့ သူ့မျက်လုံးတွေက သက်သေပြလို့။


ဓါတ်ပုံတွေရလာခဲ့တော့ ရုံးရောက်တဲ့အထိလူက တပြုံးပြုံး ။ ပန်းတွေသာရခဲ့ရင်တော့ ဒီနေ့အဖို့ အလုပ်လုပ်ချ င်စိတ်ပါ ပျောက်သွားမယ်ထင်တယ်။ ဒီကျွန်းလေးမှာ ချ စ်စရာကောင်းတာ တစ်ခုက ပိတောက်ပင်တွေပေါတာပဲ။

ညနေရုံးပြန်တော့ ပိတောက်ပင်တန်းအောက် တစ်ခေါက် ရောက်ပြန်ရော ။ အချိန် သတ်မှတ်ချက်တွေ မရှိတဲ့ အိမ်အပြန်လမ်းမို့ ကိုယ့်သဘောပေါ့။ ထမင်းဘူးအိတ်လေးလည်း လမ်းပေါ်တစ်ခါ ထပ်ရောက်ရတယ်။ ပွင့်ဖတ်လေးတွေသာ ကြွေတတ်တဲ့ ပိတောက်ကြွေလေးတွေကြား ရှားရှားပါးပါး အပွင့်လေးတွေ လိုက်ကောက်။ ရုံးပြန်သူလူတွေက( ဒုတိယအကြိမ် အားဖြင့် ) လှည့်ကြည့် လှည့်ကြည့်။ 

ကိုယ်ကတော့ ကိုယ်လုပ်ချင်တာလုပ်နေရလို့ ကျေ နပ်လို့  :)
 






 ကိုယ်နဲ့မဆိုင် ခွင့်မပိုင်လို့
ရနံ့လှိုင်တဲ့
ပိတောက်ခိုင်တွေအောက်
ပွင့်ကြွေလေးပဲ ကောက်ခဲ့တယ်




၁၇.၀၄.၂၀၁၄ မှာ သုံးနှစ်ပြည့်ခဲ့တဲ့ ဘလော့ဂ်လေးအတွက် ဒီနေ့မှပဲ မွေးနေ့လက်ဆောင် ပေးဖြစ်တယ်။ စာဖတ်သူတွေကိုလည်း နှစ်သစ်လက်ဆောင် ပိတောက်ပန်းတွေ ပေးပါတယ်။ အားလုံးအတွက် မင်္ဂလာရှိသော မြန်မာ့နှစ်သစ် ဖြစ်ပါစေ။


ညို လေးနေ 
၂၁.၀၄.၂၀၁၄ ( ၂၃း၂၄ )

4 comments:

သက်ဝေ said...

ဒီကျွန်းလေးမှာ ချ စ်စရာကောင်းတာ တစ်ခုက ပိတောက်ပင်တွေပေါတာပဲ... ဟုတ်တယ်နော် ညိုလေး... အပွင့်တွေဝေနေတဲ့ ပိတောက်ပင်တွေ အများကြီး...း)

Sonata Cantata said...

ပိတောက်နံ့တွေ ရလိုက်လို့ ကျေးဇူးညိုလေး

ညိုလေးနေ said...

Orchard က ပိတောက်ပင်တွေဆိုလည်း သိပ်လှတယ်နော် အစ်မသက် :)

မမသီတာ .... ဖြစ်နိုင်ရင် ခူးပြီးတောင် ဝေချင်တာ :)

ပစ်ပစ် said...

ပိတောက်ပင်တော့ ရန်ကုန်ကိုလွမ်းလိုက်တာ..
ပိတောာက်ပန်းရနံ့ မရခဲ့တာ 7နှစ် တောင်ရှိရော့မယ်..

Post a Comment