Sunday, August 31, 2014

၂ဝ၁၄ ဘလော့ဂ်ဒေး

Truth & Trust ကို လာလည်သူများ အားလုံး ၊ ဘလော့ဂ်ဂါ မောင်နှမများအားလုံး Happy Blog Day ပါ ။ တီတင့်ရဲ့ ပိုစ့်လေးကို ရုံးမှာ (ခိုး)ဖတ်ပြီးတဲ့နောက်မှာ ဘလော့ဂ်ဒေးအတွက် အမှတ်တရရေးချင်စိတ်လေး တကယ်ကိုဖြစ်လာပါတယ်။

အရင်နှစ်တွေကလည်း မရေးဖြစ်ခဲ့တာကြောင့်ရော၊ ဘလောဂ့်ရပ်ဝန်း ငြိမ်သက်နေချိန်မှာ ပြန်လည် သက်ဝင်စေချင်တဲ့စိတ်ကြောင့်ရောပါ။ ဒါပေမယ့် အခြေအနေက မပေးပြန်ပါဘူး။ ကွန်ပျူ တာလေးက ဒီလိုဖြစ်နေပြန်ပါတယ်။



သုံးကြိမ်တိတိ format ပြန်ချ ၊ window ပြန်တင်လည်း ဒီလိုပဲဖြစ်နေတော့တာပါပဲ။ အကောင်းဘက်ကတွေးရင်တော့ အသစ်ရခါနီးပြီပေါ့း)

နေ့မကူးခင်တော့ ရသလို၊ ရသလောက်လေးနဲ့ ဘလော့ဂ်ဂါအားလုံးအတွက် မျှချင်တာလေး မရမက တင်လိုက်ပါတယ်။ ဘလော့ဂ်ရေးသူတွေတင် မဟုတ်ပါဘူး ၊ စာဖတ်သူတွေလည်း ဘလော့ဂ်တွေကို သံယောဇဉ်ရှိကြတယ်ဆိုတာလေး အမှတ်မထင် သိလိုက်ရလို့ မောင်နှမများ ဆက်ပြီး ရေးကြပါလို့ ... ။



 ဘလော့ဂ်ရွာမှ မောင်နှမများအားလုံး ရွှင်လန်းချ မ်းမြေ့ကြပါစေ။

  
ညို လေးနေ 
31.08.2014  ( 09:58 pm )

7 comments:

ရင်ငြိမ်းသူ (Yin Nyein Thu) said...

ရုံးချိန်ပြောင်းသွား၊ စာတွေအများကြီး ရေးနိုင်တော့မယ်ဆိုလို့ မျှော်နေပါတယ် မညို။

ရာဇာထွေး said...

ဘလော့ဒေးပို့စ်လေးတွေ ဖဘမှာတက်လာတာတွေ့ရင် လိုက်ဖတ်ပါတယ်။
အခုလည်း အမညို(ညိုလေးနေ)ရဲ့ဘလော့ဒေးအမှတ်တရပို့စ်လေးတွေ့မိ
လို့ဘလော့ထဲမှာလာဖတ်သွားရင်းအားပေးသွားခဲ့ပါတယ်အမညိုရေ....


ခင်မင်ရင်းနှီးစွာဖြင့်
ရာဇာထွေး

ဇွန်မိုးစက် said...

ဓားနဲ့ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်တွေထဲမှာ ဘလော့ဂ်သံယောဇဉ်လည်းပါကြောင်း သက်သေပြလိုက်တာပေါ့လေ။ :P

Aunty Tint said...

မဖြစ်ဖြစ်အောင် ဘလော့ဒေးအမှတ်တရ ရေးသွားခဲ့တဲ့အတွက် ၀မ်းသာတယ် ညိုလေးရေ။ မနေ့က ဇွန်လေးရဲ့ ပို့စ်ကိုဖတ်နေတုန်းကတောင် ညိုလေးကိုသတိရလိုက်သေးတယ်။ ဘလော့လေးကို အမြဲရှင်သန်ခွင့်ပေးလိုက်ပါကွယ်။

Cameron said...

ံHappy Blog Day ပါ ညီမလေး ညို

ညိုလေးနေ said...

ညီမရင်ငြိမ်းသူ၊ ကိုရာဇာထွေး၊ မမိုးငွေ့၊ ဇွန် နဲ့ ဘလော့ဂ်ဂါ မောင်နှမတွေရဲ့ သံယောဇဉ်ကြောင့် ဝမ်းသာရပါ၏ :)))
ရေးဖြစ်အောင် တွန်းအားတွေပေးတဲ့ တီတင့်ကို အထူးကျေးဇူးးးးး

မဒမ်ကိုး said...

မျက်စိလည်ပြီးရောက်လာခဲ့သူပါ
စက်မကောင်းသူချင်းကိုယ်ချင်းစာသွားပါတယ် :P

Post a Comment