Tuesday, December 2, 2014

လွမ်းနေဆဲကမ်းခြေ


လွမ်းနေဆဲကမ်းခြေ 
**************

စိတ်ထွေ မငြီး
အပန်းပြေ ခရီး
ကမ်းခြေ အနီး
အလွမ်းတွေ ပြီးမလား

ကျောက်ဆောင်ပေါ်ရောက်
သဲသောင်ပေါ်လျှောက်
သစ်ပင်လေးအောက်
အလွမ်းတွေ ပျောက်မလား

နေရာတွေမလပ်
ခြေရာတွေထပ်
ဒီကမ်းခြေစပ်
အလွမ်းတွေ ပျက်မလား

သို့ပေမယ့်ခက်
ထာဝစဉ်ဆက်
ရင်မှာထပ်ဟပ်
လွမ်းလျက် သိလား

 x x x x x


ညို လေးနေ 
18.11.2014  ( 10:00 am )

Facebook မှာ Black & White ပုံတွေတင်ကြတုန်းက ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။

 

4 comments:

Aunty Tint said...

ကာယံစီရီ စာညီညီနဲ့
ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခဲ့ပြီ ညိုလေးရေ... ♥♥♥

Cameron said...

ကာရံလှလှကလေးနဲ့ လွမ်းစရာကောင်းနေသော ကဗျာလေးနဲ့ ပုံလေးနဲ့ထင်ဟတ်..း)

ဇွန်မိုးစက် said...

ဘယ်ဆီကိုရောက်ရောက်... ဘာတွေကိုလုပ်လုပ်... အတွေးထဲအမြဲတမ်း မင်းဝင်နေတယ်.... xxx... xxx... ဟူး...ဘေဘီ... အလွမ်းများ...

ညိုလေးနေ said...

ကျေးဇူးပါ တီတင့်း)

ဟုတ် မမိုးငွေ့ ၊ ပုံလေးကြောင့် ကဗျာဖြစ်လာတာပါး)

ဇွန် ..... xx ... xx..... လွမ်းရတဲ့ ညတွေ လွန်ပါစေ .... ;)

Post a Comment