Wednesday, September 5, 2012

မေ့ပင်ပျို

ဝေးတမြေ
အလွမ်းပြေ တစ်ခါလှမ်းပေမယ့်
မတွေ့သာ ဟန်ရှောင်ပုန်းလေတော့
စိတ်တွင်ညို သခင်စိုးပိုင်လို့
စိမ်းရက်လေလွန်း။

တွေးမဖြေ
မာနဝေ သီကာလွှမ်းလေလည်း
ပြစ်မမြင်ပါ ရန်ဆောင်မမုန်းချင်တော့
မေ့ပင်ကို တမင်ပျိုးနိုင်ဖို့
မေတ္တာရေသွန်း။

မယ်ညို
04.09.2012  ( 1:50 pm )

3 comments:

ဇွန်မိုးစက် said...

မေ့ပင်ပျိုလေး ညှိုးနွမ်းမသွားဘဲ ဆက်လက်ရှင်သန်ကြီးထွားနိုင်ပါစေ...

ညိုလေးနေ said...

ပျိုးခင်းကြီးဖြစ်ပါစေလို့လည်း ဆုတောင်းပေးဦးလေ ဇွန် :)

Amy said...

စိမ်းစိုနေတဲ့အခက်တွေဝေဖြာသော ပျိုးခင်းကြီးဖြစ်ပါစေရှင် :)

Post a Comment